စမုန်နက်စေ့အဆီကို လွန်ခဲ့တဲ့ နှစ်ပေါင်းတော်တော်ကြာကာလတွေကတည်းက အနာကျက်စေဖို့၊ရောင်ရမ်းမှုလျော့ကျစေဖို့နဲ့ ကင်ဆာကာကွယ်နိုင်စေဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ သွားနာတာ၊ခေါင်းကိုက်တာ၊ အူထဲကသန်ကောင်ကျတာ၊ နှာခေါင်းပိတ်တာ၊ မျက်စိနာတာ နဲ့ပြည်တည်နာတွေအတွက်အသုံးပြုခဲ့ကြပါတယ်။ စမုန်နက်စေ့ဆီကို ကျန်းမာရေးအတွက်တော်တော်လေးအသုံးပြုလို့ရပါတယ်။
စမုန်နက်စေ့ဆီမှာဖော့စဖောရက်စ်၊ မဂ္ဂနိ၊ သိရာမင်း သံဓါတ်၊ဇင့်၊ကော့ပါး၊ ကယ်လ်ဆီယမ်၊ဗီတာမင်အေ နဲ့ ပိုတက်ဆီယမ်တို့ပါဝင်နေပါတယ်။ စမုန်နက်ဆီကရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို၊ ကင်ဆာကိုတိုက်ဖျက်ပေးနိုင်ပြီး၊ မှိုပိုးတွေကိုလည်းသေစေနိုင်ပါ။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်စွမ်းရှိပါတယ်။ မျက်လုံးကိုကျန်းမာစေပြီး အမြင်အာရုံကိုလည်းကောင်းမွန်စေနိုင်ပါတယ်။
သွေးတိုးကျစေနိုင်ခြင်း
စမုန်နက်စေ့ဆီကသွေးတိုးကိုကျစေနိုင်ပါတယ်။ အခြားဘေးထွက်ဆိုးကျိုးဖြစ်တာမျိုးလည်းမရှပါဘူး။ စမုန်နက်စေ့ဆီက ခန္ဓါကိုယ်ရဲ့သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီးသွေးမတိုးအောင် ထိန်းသိမ်းပေးတာဖြစ်ပါတယ်။
ကိုလက်စထရောနဲ့ အင်ဆူလင်ကိုထိန်းညှိပေးနိုင်ခြင်း
J. N. Medical Collegeဆေးဝါးလေ့လာရေးဌာနကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ စမုန်နက်ဆီကို တစ်ခါသောက်ရင် ၂.၅ မီလီလီတာနှုန်းနဲ့ တစ်နေ့ကို နှစ်ကြိမ် ၆ ပတ်ကြာသောက်သုံးတဲ့အခါသွေးတွင်း ကိုလက်စထရောပမာဏ ကျဆင်းသွားသလို အင်ဆူလင်ပမာ စကိုထိန်းညှိတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းမရှိတဲ့ဝေဒနာကိုလည်း သက်သာစေပါတယ်။
ဓါတ်မတည့်တာ နဲ့ ပန်းနာရင်ကျပ်ဝေဒနာကို သက်သာစေနိုင်ခြင်း
စမုန်နက်စေ့ဆီက ဓါတ်မတည့်မှုတွေကို သက်သာစေနိုင်သလို၊ နှာခေါင်းပိတ်တာ၊ နှစေးတာနဲ့ အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ကောင်းကောင်းလည်း အိပ်ပျော်စေနိုင်ပါတယ်။ စမုန်နက်ဆီက ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူတွေမှာလည်း အဆုတ်ရဲ့ လုပ်ဆောင်မှုကို တိုးတက်စေနိုင်ပါတယ်။ချောင်းဆိုးသူတွေအနေနဲ့လည်း စမုန်နက်စေ့ဆီကိုသောက်သုံးပေးမယ်ဆိုရင်ဝေဒနာသက်သာစေမှာဖြစ်ပါတယ်။
ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိခြင်း
စမုန်နက်စေ့ဆီကိုနေ့တိုင်းသုံးစွဲပေးမယ်ဆိုရင်သွေးကင်ဆာ။ ပန်ကရိယ ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊အသည်းကင်ဆာ၊ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ကေျာက်ကပ်ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ စမုန်နက် ဆီကိုပုံမှန်သောက်သုံးပေးမယ်ဆိုရင် ကင်ဆာရောဂါကို ကာကွယ်ပြီးဖြစ်မှာပါ။
ဆံသားကို သန်စွမ်းစေနိုင်ခြင်း
စမုန်နက်ဆီကို ဆံပင်မှလူးပေးမယ်ဆိုရင် ဆံသားကို သန်စွမ်းစေပြီး ပျက်စီးနေတဲ့ ဆံသားတွေကိုလည်းပြုပြင်ပေးနိုင်မှာဖြစ်ပါတယ်။ ဦးရေပြားက ဗောက်တွေကိုလည်းကင်းစင်စေမှာဖြစ်ပါတယ်။ ဆံသားကို ထူစေပြီး နင်မှောင်သန်စွမ်းစေနိုင်မှာဖြစ်ပါတယ်။
အရေပြားကိုအားဖြည့်ပေးနိုင်ခြင်း
စမုန်နက်ဆီက အရေပြားကို အစိုဓါတ်ထိန်းပေးနိုင်ပါတယ်။ စမုန်နက်ဆီကို အရေပြားပေါ်မှာလူးပေးမယ်ဆိုရင် အသားအရေခြောက်သွေ့မှုကို ကင်းစင်စေမှာဖြစ်ပါတယ်။ စမုန်နက်ဆီမှာ ဗီတာမင်အေ၊ဘီ၊စီ၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ဇင့် နဲ့ အခြားဓါတ်တွေအများအပြားပါဝင်နေပါတယ်။ ဒီဓါတ်တွေက အရေပြားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အရေပြားရောင်ရမ်းမှုတွေ၊ နီမြန်းတာတွေ၊ ယားယံတာတွေကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။ နှင်းခူနဲ့ အခြားအရေပြားပြဿနာတွေကိုလည်းလျော့ပါးသက်သာစေနိုင် ပါတယ်။ အသားအရေ အရောင်မညီတာမျိုးတွေအတွက်လည်း စမုန်နက်ဆီကို အသုံးပြုလို့ရပါတယ်။
ရာသီလာစဉ်နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေနိုင်ခြင်း
ရာသီစလာတဲ့ အချိန်မှာ စမုန်နက်ဆီ တစ်ဇွန်းသောက်သုံးပေးမယ်ဆိုရင် သားအိမ်ကြွက်သားတွေကျုံတာကို အဆင်ပြေပြေဖြစ်စေပြီး ရာသီလာတာကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုဝေဒနာကိုလျော့ပါးအောင်လည်း အထောက်အကူပြုပေးပါတယ်။
လည်ချောင်းနာတာကို သက်သာစေနိုင်ခြင်း
ဘက်တီးရီးယားပိုးတွေကူးစက်တာကြောင့် မကြာခဏလည်ချောင်းနာတာမျိုးဖြစ်နိုင်ပါတယ်။ အာသီးရောင်တာကြောင့်လည်ချောင်းနာနိုင်သလို လည်ချောင်းမှာရှိတဲ့ပြန်ရည်ကြောအကျိတ်တွေရောင်ရမ်းတာကြောင့်လည်း လည်ချောင်းနာနိုင်ပါတယ်။ စမုန်နက်ဆီက လည်ချောင်းနာတာနဲ့ အာသီးရောင်တာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။