
နှလုံးဆိုတာ လူ့ကိုယ်ခန္ဓါ တစ်ခုအတွက် တစ်ကယ်ကို အရေးအပါဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူနဲ့ ပက်သက်ဆက်နွယ်ပြီး ဖြစ်တဲ့ ရောဂါ တွေကလည်း အများကြီးပါ။ ကြားဖူးပြီးသားဖြစ်တဲ့သူတွေလည်း ရှိကြသလို နှလုံးရောဂါဘယ်နှစ်မျိုးရှိလဲ ။ ဘာတွေလဲဆိုတာ မသိကြသေးတဲ့သူတွေ ရှိကြမယ်လို့လည်းထင်ပါတယ်။ ဒါဆို နှလုံးမှာ ဖြစ်နိုင်တဲ့ ရောဂါ ဘယ်နှစ်မျိုးရှိလဲ ။ ။
ခန္ဓါ ဗေဒအရ နှလုံးတစ်ခုကို
အမေ့ဗိုက်ထဲမှာနေတဲ့ အချိန်တည်းက ဖွံဖြိုးမှု အပိုင်းမှာ တစ်စုံတစ်ရာချို့ယွင်းခဲ့လို့ မွေးရာပါ နှလုံးရောဂါ ဖြစ်ရတာပါ။
နှလုံးကြွက်သား myocardium မှာ အများဆုံးဖြစ်တဲ့ ပြဿနာတွေပါ။
နှလုံးနဲ့ သွေးကြောတွေကြားထဲက သွေးတွေ အဝင်အထွက်လုပ်ရင် အဖွင့်အပိတ်တာဝန်ကို ယူထားရတဲ့ အဆို့ရှင်လေးတွေဟာ မွေးရာပါချို့ယွင်းချက်ကြောင့်ပဲဖြစ်ဖြစ်၊ ဗိုင်းရပ်စ်ပိုး ကြောင့်ပဲဖြစ်ဖစ်၊ သွေးတိုး ရောဂါကြော့င့် ဖြစ်ဖြစ် ပြဿနာတက်နိုင်ပါတယ်။ ဒါ့အပြင် Endocarditis လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် နှလုံးပိုးဝင်တဲ့အခါမှာ အဆို့ရှင်လေးတွေ ထိနိုင်သလို rheumatic fever ကြောင့် နှလုံးထိသွားတဲ့ Rheumaticheart disease မှာလည်း အဆို့ရှင်လေးတွေ ပြင်းပြင်းထန်ထန်ထိခိုက်နိုင်ပါတယ်။
အဖြစ်အများဆုံး နှလုံးရောဂါ တစ်ခုပါ ။ အသက်ကြီးလာလို့ နှလုံးသွေးကြော တွေ တောင့်လာတာ၊ အဆီတွေ စားများလို့ သွေးကြောထဲ အဆီစုပြီး နှလုံး သွေးကြောကျဉ်းတာ၊ ဆေးလိပ် ေကြာင့်၊ စိတ်ဖိစီးမှုကြောင့်၊ သွေးကြောတွေ ကျဉ်းသွားတာမျိုးတွေဟာ (CAD) ကို ဖြစ်စေရတဲ့အကြောင်းအရင်းတွေပါ ။ ဒီလိုသွေးကြောတွေ ကျဉ်းသွားတာကြောင့်
နှလုံးခုန် စည်းချက် မမှန်တဲ့ ရောဂါ တွေဖြစ်တဲ့
ဘက်တီးရီးယားကြောင့် pericardium ရောင်တာ၊ နှလုံးနဲ့ pericardium ကြားထဲမှာ အရည်တွေ စုလာလို့ ဖြစ်တဲ့ pericardial effusion တို့ဟာလည်း ဖြစ်တတ်တဲ့ နှလုံး ရောဂါတွေပါ။
အပေါ်မှာပြောထားတဲ့ အကြောင်းအရာတွေ ကြောင့် နှလုံးဆိုးဆိုးဝါးဝါးထိခိုက်ပြီး နောက်ဆုံး အဆင့်မှာ နှလုံး လုံးဝ အလုပ် မလုပ်နိုင်တော့တာမျိုးပါ။ လုံးဝကို သွေးတွေ မညှစ်နိုင်၊ မခုန်နိုင်တော့လို့ နှလုံးဆီလည်း သွေးတွေ မရောက်၊ အခြား ကိုယ်ခန္ဓါ အစိတ်အပိုင်းကိုလည်း သွေးတွေ မရောက်နိုင်တော့ဘဲ လူလည်းမောလာ၊ အသက်ရှူရခက်လာတာမျိုးပါ။
ဒါတွေကတော့ နှလုံးမှာဖြစ်တတ်တဲ့ ရောဂါ အမျိုးအစားတွေပါ။ နှလုံးကိုယ်တိုင်ကြောင့်လည်းဖြစ်နိုင်လို အခြား သွေးတိုး၊ ဆီးချို၊ရောဂါ၊ စိတ်ဖိစီးမှု၊ အသက်အရွယ်၊ ကိုယ့်နဲ့နေထိုင်စားသောက်တဲ့ ပုံစံတွေနဲ့ သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကနေ ဒီလို နှလုံးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။