ဟောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ
ဟောက်တယ် ဆိုတာက အိပ်စက်ချိန်မှာ အနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့ အခြေအနေ ထက်ပိုတဲ့ အခြေအနေ တစ်ရပ်ပါ။ လေ့လာမှုတွေအရကတော့ ညအိပ်နေချိန်မှာ ဟောက်တာက အိပ်မပျော်တာကြောင့် ဖြစ်တာမဟုတ်ဘဲ လေပြွန်တွေထဲကို လေကောင်းကောင်း မဝင်တာကြောင့် ဖြစ်တာလို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒီတစ်ခေါက်တော့ အိပ်နေချိန်မှာ ဘာလို့ ဟောက်ရတာလဲ ဆိုတာနဲ့ ဟောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ အကြောင်း ပြောပြပေးချင်ပါတယ်။ ဟောက်တယ် ဆိုတာ ဟောက်တယ် ဆိုတာက လေတွေ ပါးစပ် နဲ့ နှာခေါင်းကို အလွယ်တကူ ဖြတ်သန်း မစီးဆင်းနိုင်တဲ့ အခြေအနေ တစ်ရပ်ပါ။ လေတွေက ပါးစပ်ထဲမှာ ရှိနေတဲ့ အာခေါင်ပျော့၊ နှာခေါင်း နဲ့ လည်ချောင်းတို့လိုမျိုး အစိတ်အပိုင်းတစ်ခုခုမှာ ဖြစ်နေတဲ့ ပိတ်ဆို့မှုကို အားနဲ့ ဖြတ်သန်းစီးဆင်းတဲ့ အခြေအနေ တစ်ရပ်မှာ ဖြစ်လာတဲ့ […]




























