
တိုက်ဖိုက် အူရောင်ငန်းဖျားရောဂါအကြောင်းအားလုံးကြားဖူးကြမှာ။ အစားအစာတွေ မသန့်ရှင်းရာကနေပါလာတဲ့ Salmonella typhi ဘက်တီးရီးယားဟာ ကိုယ်ထဲကိုရောက်သွားတဲ့အခါမှာ တိုက်ဖိုက် အူရောင်ငန်းဖျားရောဂါကိုဖြစ်စေပါတယ်။
လက္ခဏာတွေကတော့
နာမည်ကိုတည်းက အူရောင်ငန်းဖျားရောဂါဖြစ်တဲ့အတွက် တိုက်ဖိုက်ဖြစ်နေချိန် ကိုယ်တွင်းက အူလေးတွေ ရောင်နေမှာ ကျိန်းသေတာကြောင့် အူအတွက် အဆင်ပြေမယ့် အစားအစာတွေ ရွေးစားဖို့လိုအပ်သလို အားရှိစေမယ့် အစားအစာတွေ စားပေးဖို့လည်းလိုပါတယ်။
စားသင့်တာတွေက
ဗီတာမင်A ဗီတာမင် B နဲ့ ဗီတာမင် C တို့ဟာ ခုခံအားအတွက် အရေးပါတဲ့ ဗီတာမင်ဖြစ်တာကြောင့် ရောဂါပိုးဝင်နေတဲ့အချိန် ခုခံအားပြန်အားရှိစေဖို့ ဗီတာမင် A,B,C ကြွယ်ဝတဲ့အစားအစာတေကို စားပေးပါ။ လိမ္မောသီး၊ မုန်လာဥနီ။ သံပရာသီး ဟင်းနုနွယ်တို့ကို စားပေးဖိုကလိုပါတယ်။
တိုက်ဖိုက်ရောဂါဖြစ်နေတဲ့အချိန် အစားမစားနိုင်တာကတစ်ကြောင်း၊ အားနည်းနေတာက တစ်ကြောင်းနဲ့ ကိုယ်အလေးချိန် ကျသွားတတ်ပါတယ်။ ဒါ့ကြောင် အားပြန်ပြည့်စေဖို့ ပြန်ပြီး စိုစိုပြေပြေဖြစ်စေဖို့ ပရိုတင်းနဲ့ ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေစားပါ။ အသားပြုတ်ပျော့ပျော့Aလးတွေ စားပေးဖို့လိုသိလို အာလူးဆို့ကန်စွန်းဥတို့လည်း စားပေးလို့ရပါတယ်။
အိုမီဂါ 3 က ကိုယ်တွင်းရောင်ရမ်းခြင်းကိ ုလျော့ကျစေတာကြောင့် အူရောင်တာ သက်သာစေဖို့ အိုမီဂါ 3 ကြွယ်ဝတဲံ အစားအစာတွေ စားပေးဖို့လိုပါတယ်။
ရေဓါတ်ဆိုတာ ကိုယ်တွင်းမှာ ရှိတဲ့ အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ အကောင်းဆုံး အရာတစ်ခုပါ။ နောက်ပြီး အူရောင်ငန်းဖျားရောဂါ ဖြစ်နေတဲ့အချိန် တက်နေတဲ့ ကိုယ်အပူချိန်ကြောင့် ရေဓတ်ခမ်းခြောက်မှာ ဖြစ်သလို ပျို့အန်တာ၊ ချွေးစေးတွေပြန်တာကြောင့်လည်း ရေဓါတ်ဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် ရေများများပြန်သောက်ပေးဖို့လိုပါတယ်။
အူရောင်ငန်းဖျားရောဂါကြောင့် အူတွေအားနည်းနေမှာဖြစ်တဲ့အတွက် အစာခြေရလွယ် အာဟာရလည်းရှိမယ့် ကြက်သားဆန်ပြုတ် မြူစွမ်ပြုတ်တို့ကို အဓိကစားပါ။ ကြက်ဥပြုတ်တို့ ဟင်းသီးဟင်းရွက်ပြုတ်တို့လည်း စားပေးလို့ရပါတယ်။
အစားအားလုံးကို သန့်သန့်ရှင်းရှင်းထားပါ။ ယင်နားမခံပါနဲ့။ လက်သေချာဆေးပြီးမှ အစားစားပါ။ ဆရာဝန်ပေးတဲ့ဆေးကို မှန်မှန်သောက်ပါ. ကောင်းကောင်းအိပ်စက်အနားယူပါ။ ဒါဆိုရင်တော့ ဖြစ်နေတဲ့ တိုက်ဖိုက် အမြန်ဆုံး ပျောက်သွားမှာ အသေအချာပါ ။ ။