အစားမလျှော့ချင်ဘူး၊ လေ့ကျင့်ခန်းလုပ်ဖို့လည်းအချိန်မရှိဘူး ဆိုပြီး မြန်မြန်ပိန်ချင်တဲ့သူတွေက အဆီကျဆေးဝယ်သောက်ကြတယ်။ ဘယ်နရက်အတွင်း ဘယ်နပေါင်ကျတယ် ဆိုတဲ့ ကြော်ငြာလေးတွေ၊ ရီဗျူးလေးတွေကလည်း မက်လောက်စရာကိုး။ ဒါပေမယ့် လနဲ့၊နှစ်နဲ့ချီပြီး စုလာခဲ့တဲ့ အဆီတွေ၊ ကိုယ်အလေးချိန်တွေက ရက်ပိုင်းလေးနဲ့ကျသွားဖို့ဆိုတာလောဘသိပ်ကြီးသလိုတော့ဖြစ်နေပါတယ်နော်။
Sibutramine က နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း သို့မဟုတ်လေဖြတ်ခြင်းဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ လက်တွေ့စမ်းသပ်လေ့လာမှု ရလဒ်တွေအရ သိရပါတယ်။Sibutramine ကို အစာစားချင်စိတ်လျော့စေတဲ့ရေရှည်သုံးဆေးဝါးအဖြစ် အစက သုံးခဲ့ကြပေမယ့် နှလုံးသွေးကြောနဲ့ဆိုင်တဲ့ဘေးထွက်ဆိုးကျိုးကိုသိရတဲ့အခါSibutramine ပါဝင်တဲ့ အဆီကျဆေးကို ထုတ်လုပ်မှုရပ်ခဲ့ရပါတယ်။
