အသက်ကြီးတဲ့လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို အလေးထားတယ်ဆိုရင် နေ့စဉ်နေ့တိုင်း ရေများများ သောက်သုံးခိုင်းသင့်ပါတယ်တဲ့။ ဘာလို့လဲဆိုရင် အသက်အရွယ်ကြီးရင့်လာချိန်မှာ လူခန္ဓာကိုယ်က ရေဓာတ်ပိုမိုလိုအပ်လာတာမို့ ရေများများသောက်သုံးပေးသင့်တာပါတဲ့။
အသက်ကြီးတဲ့လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို အလေးထားတယ်ဆိုရင် နေ့စဉ်နေ့တိုင်း ရေများများ သောက်သုံးခိုင်းသင့်ပါတယ်တဲ့။ ဘာလို့လဲဆိုရင် အသက်အရွယ်ကြီးရင့်လာချိန်မှာ လူခန္ဓာကိုယ်က ရေဓာတ်ပိုမိုလိုအပ်လာတာမို့ ရေများများသောက်သုံးပေးသင့်တာပါတဲ့။

လေ့လာချက်တွေအရဆိုရင် လူ့ခန္ဓာကိုယ်ကြီးဟာ အိုမင်းရင့်ရော်လာတာနဲ့အမျှ ကိုယ်ခန္ဓာအပူချိန် ပိုမိုပြီးပြောင်းလဲလာမှာပါ။ ဒါကြောင့် ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်တွင်းအပူချိန်ကို ထိမ်းညှိနိုင်ဖို့ ရေဓာတ်ကို မပြတ်ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ရေဓာတ်ဆုံးရှုံးမှုများတာ၊ ရေဓာတ်မပြည့်ဝတာတွေဟာ လူသားတွေရရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီး အသက်အရွယ်ကြီးရင့်သူတွေကို ပိုမိုထိခိုက်စေပါတယ်။
အထူးသဖြင့် လူကြီးပိုင်းတွေ ရေဓာတ်ဆုံးရှုံးတဲ့အခါမှာ ဖျားတာနာတာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ မောပန်းနွမ်းနယ်တာ၊ ကိုယ်အပူချိန်မြင့်တက်တာတွေ ကြုံရနိုင်ပါတယ်။
ဒါကြောင့် လူကြီးပိုင်းတွေအနေနဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်နဲ့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေအစား ရိုးရိုးရေကိုပိုပြီး မှီဝဲဖို့ လိုအပ်တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု အော့တဝါတက္ကသိုလ်ရဲ့ လေ့လာချက်အရဆိုရင် အသက်အရွယ်ကြီးရင့်သူတွေအနေနဲ့ ရေများများသောက်ပေးမယ်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုနဲ့ ကိုယ်တွင်းအပူချိန်ကို လျှော့ချပေးရုံသာကမ အောက်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်လိမ့်မယ်လို့ဆိုပါတယ်။
ရေကို လုံလုံလောက်လောက် သောက်သုံးပေးတဲ့အခါမှာ
အသက်အရွယ်ကြီးရင့်သူတွေအနေနဲ့ လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် လူငယ်တွေထက် ရေဓာတ်ဆုံးရှုံးမှုပိုများနိုင်တာကြောင့် ရေကိုပုံမှန်ထက်ပိုပြီး သောက်သုံးဖို့လိုပါလိမ့်မယ်။
တစ်ဖက်မှာလည်း လေ့ကျင့်ခန်းပြုလုပ်တာနဲ့ ရေများများသောက်သုံးတာကို တွဲဖက်နိုင်မယ်ဆိုရင် ပုံမှန်သက်ကြီးရွယ်အိုတွေထက်ပိုပြီး ကျန်းမာကြံ့ခိုင်လာမှာတော့ အမှန်ပဲဖြစ်ပါတယ်။
ပုံမှန်အားဖြင့် အသက် ၆၅ နှစ်အထက်လူကြီးတွေရဲ့ ၃၇% လောက်က ရေဓာတ်ဆုံးရှုံးတတ်ကြပါတယ်။ ဒီအချက်ဟာ တခြားကျန်းမာရေးပြဿနာတွေကို ကြုံတွေ့ရနိုင်ဖို့ လမ်းစဖြစ်နေတတ်ပါတယ်။
ဒါကြောင့် အရွယ်ရောက်ပြီးသူတိုင်းအနေနဲ့ ရေဓာတ်မဆုံးရှုံးအောင် ဂရုစိုက်ဖို့လိုအပ်ပြီး နေ့စဉ်ရေကို လုံလုံလောက်လောက်သောက်ပေးမယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အထောက်အကူကောင်းဖြစ်စေမှာဖြစ်ပါတယ်။