Familial Mediterrannean Fever ဆိုတာ မကြာခဏ ဖျားပြီး အဆစ်အမြစ်၊ အဆုတ် နဲ့ ဝမ်းဗိုက်ပိုင်းများ ရောင်ရမ်းတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။
Familial Mediterrannean Fever ဆိုတာ မျိုးရိုးလိုက်တတ်ပြီး Mediterranean မျိုးနွယ်စုများဖြစ်တဲ့ Sephardic Jews, Arabs, Greeks, Italians, Armenians and Turks တွေမှာပိုမို တွေ့ရတတ်ပါတယ်။ အခြားသော လူမျိုးစုတွေမှာလည်း တွေ့ရတတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ အနည်းငယ်ပိုမိုဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Familial Mediterrannean Fever ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
Familial Mediterrannean Fever ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
-ဖျားနာခြင်း
-ဗိုက်အောင့်ခြင်း
-ရင်ဘတ်အောင့်ခြင်း
-အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်း
-ဝမ်းချုပ်ပြီးနောက် ဝမ်းလျှောခြင်း
-ခြေထောက် အထူးသဖြင့် ဒူးအောက်ပိုင်းတွင် အင်ပြင်များထလာခြင်း
-ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
-ကပ်ပယ်အိပ် ရောင်ရမ်းနာကျင်ခြင်း
ရောဂါလက္ခဏာမပြနေချိန်မှာ သာမန်အကောင်းပကတိလိုဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာမပြချိန်ဟာ ရက်အနည်းငယ်မှ နှစ်များစွာထိကြာမြင့်တတ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို ထည့်သွင်းပါ)
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဘာတွေက Familial Mediterrannean Fever ဖြစ်ပွားစေသလဲ။
Familial Mediterrannean Fever ဆိုတာ မိဘမှ သားသမီးသို့ ဆင့်ပွားပေးသော Gene လို့ခေါ်တဲ့ ဗီဇ အစိတ်အပိုင်း လေးတစ်ခု ပြောင်းလဲသွားမှုကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ ထိုသို့ပြောင်းလဲသွားခြင်းဖြင့် ခန္တာကိုယ်အတွင်း ရောင်ရမ်းမှုကို ထိန်းချုပ်သော လုပ်ငန်းစဉ်များ ကိုနှောင့်ယှက်မှုများဖြစ်သွားတတ်ပါသည်။
Familial Mediterrannean Fever ဖြစ်သောသူများတွင် MEFV ဟုခေါ်သော Gene ဗီဇအစိတ်အပိုင်းတွင် ပြောင်းလဲမှုများဖြစ်သွားခြင်းဖြစ်သည်။ အချို့ပြောင်းလဲမှုများ က စိုးရိမ်ရသော အခြေအနေဖြစ်စေနိုင်ပြီး အချို့မှာတော့ အသေးစားလက္ခဏာများသာ ဖြစ်စေပါသည်။
ဘယ်အရာတွေက Familial Mediterrannean Fever ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
Familial Mediterrannean Fever ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
-ထိုကဲ့သို့ရောဂါမျိုး မိသားစုဝင် တစ်ဦးတွင်ရှိခြင်း
– Mediterrannean မျိုးနွယ်စုဖြစ်ခြင်း (Sephardic Jews, Arabs, Greeks, Italians, Armenians and Turks တွေမှာပိုမို တွေ့ရတတ်ပါတယ်။ အခြားသော လူမျိုးစုတွေမှာလည်း တွေ့ရတတ်ပါတယ်။)အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ Familial Mediterrannean Fever မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်က သင်ခံစားရသော ရောဂါလက္ခဏာများ ကိုမေးမြန်းပါမည်။ ထို့နောက် လိုအပ်သော စမ်းသပ်မှုကိုပြုလုပ်ပါမည်။
-အဓိကအားဖြင့် သင့်မိသားစု နှင့် မျိုးနွယ်စု ရာဇဝင် ကိုမေးမြန်းပါမည်။
-လိုအပ်သော သွေးဖေါက်စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မည်။ သွေးထဲတွင် Inflammatory Markers ၊ WBCs သွေးဖြူဥ ပစ္စည်းများ မြင့်တက်နေသည်ကို တွေ့နိုင်ပါသည်။
-မျိုးရိုးဗီဇနှင့်သက်ဆိုင်သော စမ်းသပ်မှုများပြုလုပ်ခြင်းအားဖြင့် MEGV gene တွင်ပြောင်းလဲမှုများ ဖြစ်မဖြစ် စစ်ဆေးနိုင်ပါသည်။ သို့သော် တိကျမှုတော့မရှိချေ။ ထို့ကြောင့် ဆရာဝန်များ အနေဖြင့် မျိုးရိုးဗီဇနှင့်သက်ဆိုင်သော စမ်းသပ်မှုများကို အဓိကထား မဆောင်ရွက်ချေ။
ထိုရောဂါကို အမြစ်ပြတ် ကုသထုံးတော့ မရှိသေးပါ။ သို့သော် ခံစားရသော ရောဂါ လက္ခဏာများ သက်သာအောင်တော့ ကုသနိုင်ပါသည်။
အသုံးပြုသော ဆေးများမှာ
Colchicine – ဆေးပြားပုံစံနဲ့လာပါတယ်။ ခန္တာကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းမှုများ ကိုသက်သာစေပြီး နောက်ထပ်မဖြစ်အောင် လည်းကာကွယ်ပေးပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်
Familial Mediterranean fever ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။