Rexulti® သည် စိတ်ရောဂါကုဆေးဖြစ်သည်။ ဦးနှောက်အတွင်းမှ ဓါတ်ပစ္စည်းများ၏ လုပ်ဆောင်ချက်များကိုပြောင်းလဲပေးခြင်းဖြင့် အလုပ်လုပ်ပါသည်။
Rexulti®ကိုschizophreniaစိတ်ရောဂါ၏ လက္ခဏာများကိုကုသရာတွင် အသုံးပြုကြ၏။
Rexulti®ကိုတခြားဆေးများနှင့်တွဲပြီးအရွယ်ရောက်ပြီးသူများတွင်ဖြစ်တတ်သည့် မေဂျာစိတ်ကျခြင်းကမောက်ကမရောဂါတွင် သုံးကြ၏။
Rexulti®ကို ဆရာဝန်ညွှန်သည့်အတိုင်းသုံးစွဲပါ။ အညွှန်းစာတွင်ပါသမျှကိုလိုက်နာပါ။ ဆရာဝန်က ရံဖန်ရံခါဆိုသလိုဆေးပမာဏကိုပြောင်းလဲနိုင်၏။ သတ်မှတ်ထားသောပမာဏထက် ပိုသောက်ခြင်း၊ လျော့သောက်ခြင်း၊ သတ်မှတ်ကာလကပိုသောက်ခြင်းများမပြုလုပ်ရပါ။
ဆေးကိုအစာရှိရှိမရှိရှိသောက်နိုင်ပါသည်။
ရေများများသောက်ပေးပါ။ အထူးသဖြင့် ပူသောအချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်များတွင် ပိုသောက်ပေးပါ။ Rexulti®သောက်နေရလျှင် ရေဓါတ်အလွယ်တကူခမ်းခြောက်နိုင်ပါသည်။
Rexulti®ကိုချက်ချင်းရပ်ပစ်တာမျိုးမလုပ်ရပါ။ ချက်ချင်းရပ်လိုက်ခြင်းကသင့်အခြေအနေကိုပိုဆိုးစေနိုင်ပါသည်။
Rexulti®သည် သွေးတွင်းသကြားဓါတ်မြင့်ခြင်းကို ဖြစ်စေတတ်၏။ ဆီးချိုရှိပါကဆေးသုံးနေစဉ် သွေးတွင်းသကြားဓါတ်ကိုမှန်မှန်စစ်ဆေးရပါမည်။
Rexulti® (brexpiprazole)ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Rexulti® (brexpiprazole)ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Rexulti® (brexpiprazole)ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။
Rexulti® (brexpiprazole)အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။
ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။
Rexulti®ကို Dementia နှင့်ဆိုင်သောစိတ်ရောဂါအခြေအနေများတွင် ခွင့်ပြုမထားပါ။ Dementia နှင့်ဆက်နွယ်သောအခြေအနေများရှိသည့် အသက်ကြီးသူများတွင် Rexulti®ကြောင့် သေနိုင်ချေ ပိုများ၏။
Rexulti®ကိုစိတ်ချစွာသုံးနိုင်ရန်အတွက် အောက်ပါတို့ရှိလျှင် ဆရာဝန်ကိုပြောပါ။
စိတ်ကျရောဂါကုဆေးများကိုပထမဆုံးစသောက်ရပါကလူငယ်များတွင် သတ်သေလိုစိတ်များပေါ်လာတတ်ပါသည်။ ဆရာဝန်နှင့်မှန်မှန်ပြပြီးသင့်တိုးတက်မှုကိုစစ်ဆေးရမည်။ သင့်မိသားစုနှင့် သင့်ကိုပြုစုပေးသူများကိုလည်းစိတ်အခြေအနေပြောင်းလဲခြင်းများကိုသတိပေးထားရမည်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
Rexulti® နှင့်ဓါတ်မတည့်သည့်လက္ခဏာများ – အင်ပျဉ်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းတို့ ဖောင်းကြွခြင်းများ ဖြစ်လာပါကအရေးပေါ်ဆေးကုသမှုခံယူရမည်။
Rexulti®ကိုပမာဏအများကြီးသုံးခြင်း၊ ရေရှည်သုံးခြင်းများကုမရနိုင်သည့် ရွေးလျားမှုဆိုင်ရာကမောက်ကမရောဂါများ ဖြစ်လာနိုင်ပါသည်။ အဆိုပါရောဂါ၏လက္ခဏာများတွင် နှုတ်ခမ်း၊ လျှာ၊ မျက်လုံး၊ မျက်နှာ၊ လက်မောင်း၊ ခြေထောက်တို့မှ ကြွက်သားများထိန်းမရအောင်လှုပ်နေခြင်းတို့ ပါဝင်ပါသည်။ Rexulti®ကို ကြာကြာသုံးနေလေလေအဆိုပါကမောက်ကမရောဂါဖြစ်လာနိုင်ချေ များလေလေပင်ဖြစ်သည်။ ထိုဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ချေသည် အမျိုးသမီးများနှင့် အသက်ကြီးသူများတွင် ပိုများ၏။
စိတ်အခြေအနေနှင့် အပြုအမူများပြောင်းလာခြင်း၊ စိုးရိမ်စိတ်ဖြစ်ခြင်း၊ ထိတ်လန့်ခြင်း၊ အိပ်မရခြင်း၊ စိတ်တိုလွယ်ခြင်း၊ ဒေါသဖြစ်လွယ်ခြင်း၊ ရန်ပြုလိုခြင်း၊ ဂဏာမငြိမ်ခြင်း၊ တက်ကြွလွန်ခြင်း (စိတ်ရောရုပ်ပါ)၊ စိတ်ပိုကျလာခြင်း၊ သတ်သေလိုစိတ်ဖြစ်ခြင်း၊ ကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်ချင်ခြင်းများ ဖြစ်လာပါက ဆရာဝန်နှင့်ပြန်ပြပါ။
အောက်ပါတို့ရှိပါက ဆရာဝန်နှင့် ချက်ချင်းပြရမည်။
အဖြစ်များသောဘေးထွက်ဆိုးကျိုးများမှာ –
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။
Rexulti® (brexpiprazole)သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။
ဤဆေးနှင့်ဓါတ်ပြုနိုင်သောဆေးကုန်များမှာ –
Rexulti® (brexpiprazole) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
Rexulti® (brexpiprazole)သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
Depressive Disorderအတွက် တွဲဖက်အဖြစ်
တွဲဖက်ဆေးအဖြစ် သတ်မှတ်ထားသောအစပြုပမာဏမှာis 0.5 mg or 1 mgတစ်ရက် တစ်ကြိမ်ဖြစ်သည်။ အစာရှိရှိမရှိရှိသောက်နိုင်၏။
1 mgတစ်ရက်တစ်ကြိမ်ထိရအောင် ဆေးကိုချိန်ဆတိုးပေးသွားပြီး 2 mgအထိရောက်အောင် လုပ်ရပါမည်။ ပမာဏတိုးခြင်းအားလူနာ၏တုံ့ပြန်မှု၊ ဒဏ်ခံနိုင်မှုပေါ်မူတည်ကာတစ်ပတ်စီခြားပြီး ပြုလုပ်သင့်သည်။ အများဆုံးနေ့စဉ်သုံးပမာဏမှာ 3 mg ဖြစ်သည်။ ကာလအပိုင်းအခြားအလိုက် ဆေးဆက်ပေးရန်လိုမလို၊ ကုသမှုအတွက်သင့်လျော်သောပမာဏဟုတ်မဟုတ်ကိုတွက်ချက်နေရပါမည်။
Schizophreniaကုသခြင်း
ပထမ ၁ ရက်မှ ၄ ရက်အထိသတ်မှတ်ထားသောRexulti®ပမာဏမှာတစ်ရက်လျှင် 1 mgတစ်ကြိမ်ဖြစ်သည်။ အစာရှိရှိမရှိရှိသောက်နိုင်ပါသည်။
တားဂတ်ထားရမည့် Rexulti®ပမာဏမှာတစ်ရက်လျှင် 2-4 mg တစ်ကြိမ်ဖြစ်သည်။ ၅-၇ရက်မြောက်အထိ 2 mg အထိတိုးပေးပြီးနောက် ၈ ရက်မြောက်နေ့တွင် လူနာ၏တုံ့ပြန်မှု၊ ဒဏ်ခံနိုင်မှုပေါ်မူတည်ကာ 4 mg အထိတိုးပေးရမည်။ အများဆုံးသတ်မှတ်ပမာဏမှာ 4 mg ဖြစ်သည်။
ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
Rexulti® (brexpiprazole)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
Rexulti® (brexpiprazole)ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ