Ibuprofen(အကိုက်အခဲပျောက်ဆေး) ကို နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့ အသုံးပြုကြပါတယ်။ အကိုက်အခဲပျောက်ဆေးလို့ ခေါ်ကြသလို အိုင်ပျူပရိုဖန်လို့ ခေါ်တာမျိုးလည်း ရှိပါတယ်။
Ibuprofen(အကိုက်အခဲပျောက်ဆေး) ကို နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့ အသုံးပြုကြပါတယ်။ အကိုက်အခဲပျောက်ဆေးလို့ ခေါ်ကြသလို အိုင်ပျူပရိုဖန်လို့ ခေါ်တာမျိုးလည်း ရှိပါတယ်။

Ibuprofen(အကိုက်အခဲပျောက်ဆေး) ကို ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ အရွတ်နာခြင်း၊ သွားကိုက်ခြင်း၊ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းစသည်တို့အတွက် အသုံးပြုပါသည်။၎င်းကို အဖျားကျစေရန်နှင့် တုပ်ကွေး သို့မဟုတ် အအေးမိခြင်းကြောင့်ဖြစ်သော သာမန်နာကျင်ကိုက်ခဲမှုများ အတွက်လည်း သုံးနိုင်ပါသည်။ Ibuprofen သည် စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး (NSAID) အုပ်စုဝင် ဆေးတမျိုးဖြစ်ပြီး ရောင်ရမ်းခြင်းကို ဖြစ်စေသော ပစ္စည်းများကို ခန္တာကိုယ်မှ ထုတ်ခြင်းအား တားဆီးခြင်းဖြင့် ဆေးအာနိသင်ပြစေသည်။ ထို့ကြောင့် နာကျင်ကိုက်ခဲရောင်ရမ်းခြင်းကို သက်သာစေပြီး အဖျားကျစေပါသည်။
သင်သည် အဆစ်အမြစ်ရောင်ခြင်းကဲ့သို့ နာတာရှည်အခြေအနေများအတွက် အသုံးပြုလိုပါက အခြားဆေးများကို အသုံးပြုသင့်ပြီး ဆေးဝါးအပြင် အခြားသော ကုသမှုများကိုလည်း ခံယူသင့်သဖြင့် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။
ဆေးထုတ်လုပ်သူများသည် ပါဝင်ပစ္စည်းများကို ပြောင်းလဲတတ်ကြလေ့ရှိ သဖြင့် သင်အသုံးပြုနေကျ တံဆိပ်ဖြစ်လျှင်ပင် မည်သည့်ပစ္စည်းများ ပါဝင်ကြောင်း သိရှိနိုင်ရန် အညွှန်းကို ဖတ်ပါ။ အချို့သော ဆေးများသည် ဆေးတံဆိပ် ခပ်ဆင်ဆင်တူသော်လည်း ပါဝင်သော ပစ္စည်းများမှာမူ မတူညီဘဲ ရည်ရွယ်ချက်လည်း မတူညီတတ်ပေ။ မှားယွင်းသော ဆေးကို အသုံးပြုမိပါက သင့်ကိုဘေးဥပါဒ်ဖြစ်စေမည်။
အခြားအသုံးပြုမှုများ။ ။ဤနေရာတွင် ဖော်ပြမည့် အသုံးပြုပုံများသည် တရားဝင်သတ်မှတ်ထားသော ဆေးအညွှန်းတွင်မပါဝင်သော်လည်း သင့်ဆရာဝန်က ညွန်းဆိုသော အသုံးပြုမှု အခြေအနေများဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် ဖော်ပြမည့် ရောဂါအနေအထား အတွက် Ibuprofen ကို အသုံးပြုမည်ဆိုလျင် ဆရာဝန်ညွှန်ကြားချက် ရှိမှသာ အသုံးပြုသင့်သည်။
Ibuprofen ကို ဂေါက်ရောဂါ အတွက်လည်း အသုံးပြုနိုင်သည်။
အကယ်၍ သင်သည် ဆရာဝန် ညွှန်ကြားချက် မလိုသော ဆေးများကို မိမိဖာသာ ဝယ်ယူသုံးစွဲပါက အကိုက်အခဲပျောက်ဆေးကို မသောက်သုံးမီ ဆေးညွှန်းကို သေချာစွာဖတ်ပါ။ ဆရာဝန် ညွှန်ကြားချက်ဖြင့် အသုံးပြုပါက ဆေးကို စတင်အသုံးမပြုခင် သို့မဟုတ် ဆေးကုန်သွား၍ ဝယ်ယူသည့်အချိန်တိုင်းတွင် ဆေးဆိုင်မှ ပေးလိုက်သည့် ဆေးညွှန်းစာရွက်ကို ဂရုတစိုက်ဖတ်ရှုပါ။ မရှင်းလင်းသည်များ ရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်ကို မေးမြန်းပါ။Ibuprofen ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း (အများအားဖြင့် ၄နာရီခြား သို့မဟုတ် ၆နာရီခြားတကြိမ်) ရေတဖန်ခွက်အပြည့်ဖြင့် သောက်ပါ။ ဆေးသောက်ပြီး အနည်းဆုံး ၁၀မိနစ်ခန့်အကြာထိ လဲလျောင်းခြင်းမပြုရ။ အစာအိမ်ထိခိုက်ခြင်းမှ ကာကွယ်ရန် ဆေးကို အစာ၊နွားနို့ သို့မဟုတ် အစာအိမ်ဆေးများနှင့် တွဲသောက်ပါ။
ဆေးပမာဏ အနည်အများသည် သင်၏ ရောဂါအခြေအနေ နှင့် ဆေးကို တုန့်ပြန်မှုအပေါ် မူတည်သည်။ ဘေးထွက်ဆိုးကျိုးများကို တတ်နိုင်သရွေ့ လျှော့ချနိုင်ရန်နှင့် အစာအိမ်သွေးယိုခြင်းမှ ကာကွယ်ရန်အတွက် ဆေးကို ဖြစ်နိုင်သမျှ အနည်းဆုံးပမာဏဖြင့် စတင်ပြီး ဖြစ်နိုင်သမျှ ကာလအတိုဆုံးသောက်သင့်သည်။ ဆရာဝန် ညွှန်ကြားထားသည့်ပမာဏ သို့မဟုတ် ကာလထက် ပိုသောက်ခြင်း မပြုရ။ အထူးတလည်ညွှန်ကြားထားခြင်းများ မရှိလျှင် ဆရာဝန် ညွှန်ကြားချက် မလိုသော ဆေးများကို ဆယ်ရက်ထက် ပိုမသောက်ရပါ။ တာရှည်စွဲသောက်ရမည့် ရောဂါများ (ဥပမာ။ ။ အဆစ်အမြစ်ရောင်ခြင်း)အတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆက်လက်သောက်သုံးပါ။
ကလေးများတွင် အသုံးပြုသော ဆေးပမာဏသည် ကလေး၏ ကိုယ်အလေးချိန်ပေါ်တွင်ပါ မူတည်ပါသည်။ သင့်ကလေး၏ ကိုယ်အလေးချိန်နှင့် ကိုက်ညီသော ဆေးပမာဏကို သိရှိနိုင်စေရန် ဆေးညွှန်းကို သေချာစွာ ဖတ်ရှုပါ။ မရှင်းလင်းသည်များရှိပါက သို့မဟုတ် အကူအညီလိုအပ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပုဂ္ဂိုလ်တို့ကို မေးမြန်းတိုင်ပင်ပါ။
အချို့သောရောဂါများ (ဥပမာ။ ။ အဆစ်အမြစ်ရောင်ခြင်း)အတွက် အသုံးပြုပါက ဆေးအာနိသင် အပြည့်အဝပြရန် ရက်သတ္တပတ် ၂ ပတ်ခန့် အချိန်ယူရလေ့ရှိပါသည်။
အကယ်၍ သင်သည် အကိုက်အခဲပျောက်ဆေးကို ပုံမှန်သုံးစွဲနေခြင်း မဟုတ်ဘဲ လိုအပ်မှ သုံးစွဲသည်ဆိုလျှင် အကိုက်အခဲပျောက်ဆေးများသည် စ,နာသည်နှင့် ချက်ချင်း သောက်ပါက အကောင်းဆုံးဖြစ်ပြီး ပိုမို နာကျင်လာသည့်အချိန်မှ သောက်လျှင် လိုအပ်သည့် ဆေးအာနိသင်လုံလောက်စွာမရ ဖြစ်တတ်ကြောင်းကို သိထားရမည်။
သင့်ရောဂါအခြေအနေ မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် သို့မဟုတ် ဆိုးရွားပြင်းထန်သော ကျန်းမာရေးအခြေအနေနှင့် ရင်ဆိုင်နေရပြီဟု ယူဆလျှင် ဆေးကုသမှုကို အမြန်ဆုံး ခံယူပါ။ အကယ်၍ သင်သည် ဆရာဝန်ညွှန်ကြားချက်မလိုသော ဆေးများကို (ဖျားနာခြင်း သို့မဟုတ် နာကျင်ကိုက်ခဲခြင်းများအား ကုသရန်) သင့်အတွက် သို့မဟုတ် သင့်ကလေးအတွက် သုံးစွဲပါက ၃ရက်ကြာသည်အထိ အဖျားမကျလျှင် သို့မဟုတ် ပိုဆိုးလာလျှင် သို့မဟုတ် ၁၀ရက်ကျော်ကြာသည်အထိ နာကျင်ခြင်း မသက်သာလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ထံ အမြန်ဆုံးပြသပါ။
ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။
Ibuprofen ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ ibuprofen ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ ibuprofen ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Ibuprofen ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။
Ibuprofen ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
Ibuprofen ကို မသောက်သုံးမီ
angiotensin-converting enzyme (ACE) inhibitors such as benazepril (Lotensin),captopril (Capoten), enalapril (Vasotec), fosinopril (Monopril), lisinopril (Prinivil, Zestril),moexipril (Univasc), perindopril (Aceon), quinapril (Accupril), ramipril (Altace),trandolapril (Mavik); Diuretics ; lithium (Eskalith, Lithobid);methotrexate (Rheumatrex).
သင့်ဆရာဝန် အနေဖြင့် ဆေးပမာဏများကို ပြောင်းလဲခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ဂရုတစိုက် စောင့်ကြည့်ခြင်း စသည်တို့ကို ပြုလုပ်မည်ဖြစ်ပါသည်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေ အဆင့် D ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
အင်ပြင်များထွက်ခြင်း၊အသက်ရှုရ ခက်ခဲလာခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ သို့မဟုတ် လည်ချောင်းတို့ ရောင်ရမ်းခြင်း အစရှိသော ဓါတ်မတည့်သည့် လက္ခဏာများ ခံစားလာရပါက အရေးပေါ်ကုသမှုကို ခံယူရပါမည်။
အောက်ပါလက္ခဏာများ ခံစားရပါက အကိုက်အခံပျောက်ဆေး သောက်သုံးခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နှင့် အမြန်ပြသပါ။
သာမန်ဘေးထွက် လက္ခဏာများမှာ
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
အကိုက်အခဲပျောက်ဆေးဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့်
အက်စ်ပရင် နှင့် အခြား NSAIDs —-> naproxen (Aleve, Naprosyn, Naprelan, Treximet),celecoxib (Celebrex), diclofenac (Arthrotec, Cambia, Cataflam, Voltaren, Flector Patch, Pennsaid, Solareze), indomethacin (Indocin), meloxicam (Mobic)
အကိုက်အခဲပျောက်ဆေးက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
Ibuprofen ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရွယ်ရောက်ပြီးသူတွေမှာ အကိုက်အခဲပျောက်ဆေးကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။
၂၀၀ – ၄၀၀ မီလီဂရမ်ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြား တကြိမ် လိုအပ်သလို သောက်နိုင်သည်။
ကနဦးဆေးပမာဏ : ၄၀၀ – ၈၀၀ မီလီဂရမ်ကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တကြိမ် သောက်နိုင်သည်။
ကနဦးဆေးပမာဏ : ၄၀၀ – ၈၀၀ မီလီဂရမ်ကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တကြိမ် သောက်နိုင်သည်။
Electroconvulsive therapy (ECT) ကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းကို ကာကွယ်ရန်အတွက် :
၆၀၀ မီလီဂရမ်ကို ECT မလုပ်မီ မိနစ်၉၀ကြိုတင်၍ သောက်ရမည်။
သောက်ဆေး : အတန်အသင့် နာကျင်ခြင်းများအတွက် :
၂၀၀ – ၄၀၀ မီလီဂရမ်ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြား တကြိမ် လိုအပ်သလို သောက်နိုင်သည်။၄၀၀ မီလီဂရမ်ထက်ပိုပေးလျှင် ဆေးအာနိသင်မှာ ပိုမိုထူးခြားလာခြင်းမရှိတော့ဟု ဆိုပါသည်။
အကြောသွင်းဆေး : (Ibuprofen အကြောသွင်းဆေးမပေးမီ လူနာကို ရေဓါတ်ကောင်းစွာ ပေးထားရန်လိုပါသည်) :
နာကျင်ခြင်းအတွက် : ၄၀၀ – ၈၀၀ မီလီဂရမ်ကို တခါသွင်းလျှင် မိနစ်၃၀နှုန်းဖြင့် ၆နာရီခြားတကြိမ်ပေးနိုင်သည်။
၂၀၀ – ၄၀၀ မီလီဂရမ်ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြား တကြိမ် လိုအပ်သလို သောက်နိုင်သည်။
အကြောသွင်းဆေး : (Ibuprofen အကြောသွင်းဆေးမပေးမီ လူနာကို ရေဓါတ်ကောင်းစွာ ပေးထားရန်လိုပါသည်) :
အဖျားတက်ခြင်းအတွက် : ကနဦးဆေးပမာဏ : ၄၀၀ မီလီဂရမ်ကို တခါသွင်းလျှင် မိနစ်၃၀နှုန်းဖြင့် သွင်းရမည်။
ဆက်လက်ပေးထားရန် ဆေးပမာဏ : ၄၀၀ မီလီဂရမ်ကို ၄နာရီခြား သို့မဟုတ် ၆နာရီခြားတကြိမ် သို့မဟုတ် ၁၀၀ – ၂၀၀ မီလီဂရမ်ကို ၄နာရီခြားတခါ ပေးရမည်။
ကလေးငယ်တွေမှာ ibuprofen ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။
ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
အဖျားတက်ခြင်းအတွက်
အသက် ၆လမှ ၁၂နှစ် အထိ :
ကိုယ်အပူချိန် ၁၀၂.၅ ဒီဂရီဖာရင်ဟိုက် ( ၃၉.၂ ဒီဂရီစင်တီဂရိတ်) ထက် နည်းလျှင် 5mg/kg/dose ပမာဏကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တခါ သောက်ဆေးအဖြစ် တိုက်နိုင်သည်။
ကိုယ်အပူချိန် ၁၀၂.၅ ဒီဂရီဖာရင်ဟိုက် ( ၃၉.၂ ဒီဂရီစင်တီဂရိတ်) နှင့် အထက် အတွက် 10mg/kg/dose ပမာဏကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တခါ သောက်ဆေးအဖြစ် တိုက်နိုင်သည်။
နာကျင်ကိုက်ခဲခြင်းအတွက်
ကလေးငယ်များနှင့် ကလေးများ : 4 – 10 mg/kg ကို ပမာဏကို ၆နာရီခြား သို့မဟုတ် ၈နာရီခြား တခါ သောက်ဆေးအဖြစ် တိုက်နိုင်သည်။
တနေ့တာအတွက် ပေးသင့်သော ပမာဏမှာ 40mg/kg ဖြစ်ပါသည်။
အသက် ၆လမှ ၁၂နှစ် အထိ :
စုစုပေါင်းဆေးပမာဏ 30 -40 mg/kg/day ကို သုံးကြိမ် သို့မဟုတ် လေးကြိမ် ခွဲတိုက်နိုင်သည်။ အနည်းဆုံးပမာဏမှ စသင့်ပြီး သင့်တော်သလို ချိန်ညှိသွားနိုင်သည်။ ပြင်းထန်ခြင်းမရှိသော လူနာများတွင် 20 mg/kg/day ပမာဏဖြင့် ကုသနိုင်သည်။
နာတာရှည် ရောဂါအတွက် (ရောဂါဖြစ်နေသောကာလ ၄နှစ် နှင့်အထက်) : သွေးတွင်းဆေးပမာဏ 50 – 100 mcg/ml တွင်ထိန်းထားနိုင်ရန် ဆေးပမာဏကို ချိန်ဆပေးခြင်းအားဖြင့် မပြင်းထန်သော အဆုတ်ရောဂါရှိသည့် ကလေးလူနာများတွင် ရောဂါဆိုးရွားလာခြင်းကို နှေးကွေးစေပါသည်။
Ibuprofen lysine :
ကိုယ်ဝန်ဆောင်ကာလ ၃၂ပတ် သို့မဟုတ် ၃၂ပတ်ထက် နည်းသော ကလေးများ ၊မွေးဖွားသည့် အချိန်တွင် ပေါင်ချိန် ၅၀၀ – ၁၀၀၀ ဂရမ်ကြားရှိ ကလေးများ :
ကနဦးဆေးပမာဏ : 10 mg/kg ကို ဦးစွာပေးပြီး နောက်ထပ် ၂၄နာရီ အကြာနှင့် ၄၈နာရီအကြာတွင် 5mg/kg ပမာဏစီ ထပ်ပေးရမည်။
ibuprofen ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။
ibuprofen ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
သောက်ဆေးအရည် : 100mg/5ml ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
အကိုက်အခဲပျောက်ဆေးကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။