အမျိုးအစား (၂) ဆီးချို က နာတာရှည်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ လူဦးရေတွေ ခံစားနေရတဲ့ ရောဂါ တစ်မျိုး ဆိုလည်း မမှားပါဘူး။
အမျိုးအစား (၂) ဆီးချို က နာတာရှည်ရောဂါ တစ်မျိုးပါ။ ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ လူဦးရေတွေ ခံစားနေရတဲ့ ရောဂါ တစ်မျိုး ဆိုလည်း မမှားပါဘူး။

အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားရပြီဆိုရင် သေချာ ထိန်းချုပ် ဂရုစိုက်ဖို့ လိုပါမယ်။ သေချာ ထိန်းချုပ် ဂရုစိုက်မှု မလုပ်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ မျက်စိ ကွယ်တာ၊ ကျောက်ကပ် ပျက်စီးတာ၊ နှလုံးရောဂါ နဲ့ အခြား ပြင်းထန်သော ရောဂါတွေ ခံစားရနိုင်ပါတယ်။
ဒါကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်တာက ဒီရောဂါအတွက် အထိရောက်ဆုံး ကုထုံးတစ်ခုပေါ့။
အမျိုးအစား (၂) ဆီးချိုကို ကာကွယ်ဖို့ အချို လျှော့စားလိုက်ရင် ရပြီလို့ ထင်နေကြသူက ခပ်များများပါ။ တကယ်ကတော့ အချို စားလို့ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။
အိပ်ရေးပျက်တာ၊ စိတ်ဖိစီးတာ၊ မျိုးရိုးရှိတာ၊ အသက်အရွယ်၊ အဝလွန်တာ နဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းတာတွေကလည်း ဆီးချို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။
ဒီတော့ ဆီးချိုကို ကာကွယ်ဖို့ဆိုရင် အစားအသောက်ရော လေ့ကျင့်ခန်းကိုပါ ဂရုစိုက်ဖို့ လိုပါမယ်။
လေ့ကျင့်ခန်း လုပ်ဆိုတော့ လေ့ကျင့်ခန်း လုပ်တာက ဆီးချိုကို ကာကွယ်နိုင်လို့လားလို့ မေးစရာ ရှိနိုင်ပါတယ်။ လေ့လာချက်တွေ အရကတော့ လေ့ကျင့်ခန်း လုပ်တာက အမျိုးအစား (၂) ဆီးချို ကို ကာကွယ်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခု ဆိုတာပါ။
ဒီလို ပြောရတဲ့ အကြောင်းကတော့ လေ့ကျင့်ခန်း မှန်မှန် လုပ်မယ်ဆိုရင်
လေ့ကျင့်ခန်း လုပ်တဲ့အခါ တစ်ပတ်ကို ၅ ရက် ဒါမှမဟုတ် နေ့စဉ် မှန်မှန်လည်း လုပ်ပေးလို့ ရပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ၁၅ မိနစ်ကနေစလို့ နာရီဝက်၊ ၄၅ မိနစ်၊ ၁ နာရီ စသဖြင့် လုပ်ပေးပါ။
လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ လန်းဆန်းကျန်းမာစေပြီး အမျိုးအစား (၂) ဆီးချိုကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။