ဆီးချိုဆိုသည်မှာ သွေးတွင်းသကြားဓါတ်များသော ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ ကမောက်ကမရောဂါအုပ်စုတွင် ပါဝင်သောရောဂါဖြစ်ပါသည်။ အမျိုးအစား ၁ ဆီးချို သို့မဟုတ် အင်ဆူလင်ပေါ်မှီခိုသောဆီးချိုမှာ ဘဝတစ်သက်တာ ခံစားရမည့်ရောဂါဖြစ်ပြီး တခြားသော ဆီးချိုးအမျိုးအစားများနှင့် ကွာခြားသည့်အချက်များမှာ ၎င်းသည် အင်ဆူလင်ချို့တဲ့ခြင်း၊ ကီတိုးဆစ်ဖြစ်နိုင်ခြင်း စသည်တို့ဖြစ်၏။ အင်ဆူလင်သည် သွေးတွင်းမှ သကြားဓါတ်အားထိန်းချုပ်ရာတွင် အခရာကျပါသည်။ ဆီးချိုရှိသူများတွင် သွေးတွင်၌သကြားဓါတ် များပြားနေသော်လည်း ဆဲလ်များအတွင်းသို့ သကြားဓါတ်မပို့နိုင်ဖြစ်လာရာမှ နှလုံး၊ မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောစနစ်၊ သွားဖုံးနှင့် သွားများဆီတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ခံစားလာရနိုင်သည်။ အမျိုးအစား ၁ ဆီးချိုအား ကလေးဘဝတွင်စတင်သာဆီးချိုအဖြစ် ညွှန်းဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် အဖြစ်အများဆုံးမှာ ကလေးများနှင့် မြီးကောင်ပေါက်အရွယ်များတင် စတင်လေ့ရှိသောကြောင့်ဖြစ်သည်။
အမျိုးအစား ၁ မှာ ၂လောက်အဖြစ်မများပါ။ အ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များပြီး အထူးသဖြင့် မုန့်ချိုအိတ်ပြဿနာရှိသူများ၊ အမျိုးအစား ၁ မျိုးရိုးရှိသူများတွင် ပိုဖြစ်လေ့ရှိပါသည်။။ ကလေးငယ်များနှင့် မြီးကောင်ပေါက်အရွယ်များတွင် အတွေ့ရများပြီး အသက် ၄ – ၇ နှစ်နှင့် ၁၀ – ၁၄ နှစ်ကြားတွင် အတွေ့ရများ၏။ အရွယ်ရောက်လာသည်နှင့်အမျှ ၁၄ နှစ်နောက်ပိုင်း၌ ဖြစ်ပွားနှုန်းလျော့ကျသွားပါသည်။
အမျိုးအစား ၁ ဆီးချို ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာမြန်မြန်ကြီး ဖြစ်ပွားလာနိုင်ပါသည်။
ဘာကြောင့်မှန်းမသိ ကိုယ်အလေးချိန်ကျခြင်း
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။
အမျိုးအစား ၁ ဆီးချိုမှာ မုန့်ချိုအိတ်ရှိ ဘီတာဆဲလ်များကို ကိုယ်ခံအားမှပြန်တိုက်ဖျက်စီးကြောင့် ဖြစ်လာရခြင်းဖြစ်ပြီး အင်ဆူလင်ကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တော့ခြင်းကြောင့် ဖြစ်ရပါသည်။ တစ်နည်းဆိုရလျှင် သွေးထဲမှ ဂလူးကို့စ်များကို စွမ်းအင်ထိန်းသိမ်းရန်အတွက် ဆဲလ်အတွင်းသို့စုပ်ယူရာတွင် ကူညီသော အင်ဆူလင် လုံလောက်စွာမရှိရမှာ သွေးတွင်းသကြားဓါတ် မြင့်မားလာခြင်းဖြစ်သည်။ တခြားသော အကြောင်းရင်းများမှ မုန့်ချိုအိတ်ကိုထိသော Cystic fibrosis နှင့် မုန့်ချိုအိတ်ရောင်ခြင်းကြောင့် ခွဲစိတ်ဖယ်ရှားလိုက်ရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။
အမျိုးအစား ၁ ဆီးချို ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းတစ်ချို့မှာ –
အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်သည့် တခြားသော အန္တရာယ်များကို စူးစမ်းလေ့လာထားသော်လည်း သက်သေမပြရသေးပါ။ ထိုအချက်များမှာ –
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
အောက်ပါအချက်များနှင့်တိုက်ဆိုင်လျှင် သင့်၌ဆီးချိုရှိကြောင်း အတည်ပြုနိုင်ပြီဖြစ်သည်။
သင့်၌ အမျိုးအစား ၁ ဆီးချိုကို အတည်ပြုပြီးပါက ဆရာဝန်နှင့်လစဉ်ပြသရမည်။ ထိုမှသာအောက်ပါတို့ကို လုပ်နိုင်မည်ဖြစ်သည်။
အောက်ပါစစ်ဆေးမှုများက သင့်ဆီးချိုရောဂါကို စောင့်ကြည့်ခြင်းနှင့် နောက်ဆက်တွဲများအား ကာကွယ်ခြင်းတို့အတွက် ဆရာဝန်အား အထောက်အကူပြုပါသည်။ ထို့အပြင် အောက်ပါတို့ကို တစ်နှစ်တစ်ကြိမ်စစ်ဆေးသင့်၏။
အမျိုးအစား ၁ ဆီးချိုမှာ မြန်မြန်ဆန်ဆန်စတင်တာကြောင့် လက္ခဏာများကလည်း ပြင်းထန်နိုင်သည်။ လတ်တလောမှ ရောဂါကိုအတည်ပြုထားသည်ဆိုလျှင် ဆေးရုံတက်သင့်၏။ အကယ်၍သင့်အား အမျိုးအစား ၁ရှိနေကြောင်း အတည်ပြုနိုင်ပါက သွေးတွင်းသကြားဓါတ်အား ကောင်းကောင်းမထိန်းနိုင်မချင်း တစ်ပတ်တစ်ခါ ပြသသင့်ပါသည်။
အမျိုးအစား ၁ ဆီးချိုအတွက် ကုထုံးများ
အင်ဆူလင်:
ယခုလက်ရှိတွင် အမျိုးအစား ၁ ဆီးချိုအား အရှင်းပျောက်အောင် မကုသနိုင်ပါ။ ထို့ကြောင့် အင်ဆူလင်မှာ သွေးတွင်းသကြားဓါတ်အားထိန်းရန် အကောင်းဆုံးသာဖြစ်သည်။ အိမ်မှာပင် အင်ဆူလင်ကို တစ်ရက် ၂-၃ ကြိမ် ထိုးနိုင်ပါသည်။ သွေးတွင်းသကြားဓါတ်နှင့်တိုက်ပြီး အင်ဆူလင်ပမာဏကိုချိန်ညှိရန် ဆရာဝန်နှင့်တိုင်ပင်ပါ။ အင်ဆူလင်များသွားလျှင် သွေးတွင်းသကြားဓါတ် ကျသွားနိုင်ပြီး အန္တရာယ်ရှိပါသည်။ အင်ဆူလင်အား အမျိုးမျိုးရရှိနိုင်ပါသည်။ (အာနိသင် အမြန်သက်ရောက်ခြင်း၊ အချိန်ကြာကြီးသက်ရောက်ခြင်း၊ နှစ်ခုအရော) သင့်အခြေအနေနှင့်ကိုက်ညီသည်ကို ဆရာဝန်မှ ညွှန်ကြားပါလိမ့်မည်။
ကျန်းမာသောအစားအသောက်:
ကျန်းမာသောအစားအသောက်မှာ ဂလူဒကို့စ်လယ်ဗယ်ကို ထိန်းရာတွင်အကူအညီရ၏။ နေ့စဉ် သကြားနှင့် ကစီဓါတ်စားသောက်မှုအား လိုအပ်သည့်ပမာဏအတိုင်း ထိန်းချုပ်ခြင်းမှာ အရေးပါပါသည်။ အစားအသောက်ပညာရှင်များက အစားအသောက်နှင့် ပါတ်သတ်ပြီး စီစဉ်ပေးပါလိမ့်မည်။
လေ့ကျင့်ခန်း:
လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတွင်းသကြားဓါတ်ကို ထိန်းရာတွင်အကူအညီဖြစ်ပါသည်။ ထို့အပြင် နောက်ဆက်တွဲပြဿနာများအား ကာကွယ်နိုင်ရန် ခြေထောက်နှင့် မျက်လုံးအား ဂရုစိုက်သင့်ပါသည်။
တခြားဆေးများ:
Pramlintide (Symlin) သည် အမိုင်လင်ပုံစံတူထိုးဆေးတစ်မျိုးဖြစ်ပြီး အမျိုးအစား ၁ နှင့် ၂ တွင်အသုံးပြုနိုင်ပါသည်။ ၎င်းသည် အစာအိမ်မှအစာများ အူအတွင်းသို့အရောက်နှေးစေပြီး အစားစားပြီးစတွင်ဖြစ်တတ်သော သွေးတွင်းသကြားဓါတ်ထိုးတက်မှုကို နှေးသွားစေပါသည်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အမျိုးအစား ၁ ဆီးချို ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။