မိန်းကလေးတွေမှာအဖြစ်များတဲ့ကျန်းမာရေးပြဿနာကတော့သွေးသားနဲ့သက်ဆိုင်တာတွေပါပဲ။ ရာသီစက်ဝန်းနဲ့ပတ်သက်တဲ့ဝေဒနာတွေ၊ ကိုက်ခဲတာတွေကတစ်မျိုး၊ သွေးဆုံးပြန်တော့သွေးဆုံးကိုင်တာ တွေရောပေါ့။
မိန်းကလေးတွေမှာအဖြစ်များတဲ့ကျန်းမာရေးပြဿနာကတော့သွေးသားနဲ့သက်ဆိုင်တာတွေပါပဲ။ ရာသီစက်ဝန်းနဲ့ပတ်သက်တဲ့ဝေဒနာတွေ၊ ကိုက်ခဲတာတွေကတစ်မျိုး၊ သွေးဆုံးပြန်တော့သွေးဆုံးကိုင်တာ တွေရောပေါ့။

ခြုံကြည့်ရရင် သားအိမ်နဲ့ပတ်သက်တဲ့ရောဂါဝေဒနာတွေက အများဆုံးပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာတွေနဲ့ရောနေနိုင်တာက အမျိုးသမီးတွေအတွက် အန္တရာယ်ကြီးတဲ့ သားအိမ်ကင်ဆာပါပဲ။ သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြချိန်မှာ သားအိမ်ကင်ဆာကိုလည်း မေ့လျော့ထားဖို့မသင့်ပါဘူး။
သားအိမ်ကင်ဆာဟာ အမျိုးသမီးတွေအတွက် လက်နက်ပုန်းတစ်ခုလို တစ်ခါတလေမှာ တခြားကိုယ်တွင်းအင်္ဂါတွေဆီ ပျံ့သွားတဲ့အချိန်ထိကို လက္ခဏာမပြဘဲနေတတ်ပါတယ်။ ဒါပေမယ့် သားအိမ်ကင်ဆာကို များသောအားဖြင့် စဖြစ်ကာစအချိန်မှာ မိန်းမကိုယ်သွေးဆင်းခြင်းလို လက္ခဏာတွေနဲ့ စတင်သိရှိနိုင်ပါတယ်။ အဖြစ်များဆုံး လက္ခဏာတွေကတော့ –
သားအိမ်ကင်ဆာရှိမရှိကို ဒီနည်းလမ်းတွေနဲ့ စစ်ဆေးအတည်ပြုနိုင်ပါတယ်။
ဆရာဝန်က လူနာရဲ့လိင်အင်္ဂါအပြင်ဘက်ကို ဦးဆုံး စမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်။ နောက်တဆင့်အနေနဲ့ မိန်းမကိုယ်ထဲ လက်ချောင်း ၂ချောင်းထည့်ပြီး ကျန်လက်တစ်ဖက်က ဝမ်းဗိုက်ပေါ်ဖိခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းက သားအိမ်နဲ့ သားဥအိမ်တွေကို စစ်ဆေးမှာဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကို ကောင်းစွာမြင်ရဖို့ မိန်းမကိုယ်ထဲ ပစ္စည်းတစ်မျိုးထည့်ပြီး စမ်းသပ်စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။
ဒီနည်းလမ်းကတော့ မိန်းမကိုယ်ထဲကို အသံလှိုင်းအာရုံခံ ကိရိယာတစ်မျိုးထည့်ပြီး သားအိမ်အတွင်းပိုင်းနံရံရဲ့ မျက်နှာပြင်အခြေအနေကို ပုံဖော်စစ်ဆေးတဲ့နည်းလမ်း ဖြစ်ပါတယ်။
သင့်သားအိမ်အတွင်းပိုင်းနံရံကို မှန်ပြောင်းအသုံးပြုပြီး ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါတယ်။
သားအိမ်ကင်ဆာဟုတ်မဟုတ် ရောဂါရှာဖွေအတည်ပြုနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ သားအိမ်အတွင်းပိုင်းနံရံက တစ်ရှူးနမူနာ အနည်းငယ်ကိုယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ အသားစယူခြင်းကို မေ့ဆေးထုံဆေး အသုံးမပြုဘဲ ပြုလုပ်နိုင်ပါတယ်။
အသားစယူရုံနဲ့ ဓါတ်ခွဲခန်းမှာစစ်ဆေးဖို့ လုံလောက်တဲ့တစ်ရှူးပမာဏ မရရှိဘူးဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဆရာဝန်က လူနာရဲ့သားအိမ်အတွင်းပိုင်းနံရံက တစ်ရှူးတွေကို ခြစ်ယူပြီး ကင်ဆာဆဲလ်တွေရှိမရှိ စစ်ဆေးမှာဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။