Cervical dysplasia လို့ခေါ်တဲ့ အခြေအနေဟာ သားအိမ်လမ်းကြောင်းမရောက်မီ သားအိပ်အဝဖြစ်တဲ့ သားအိမ်ခေါင်းကဆဲလ်တွေမူမမှန်ပုံစံပြောင်းခြင်းဖြစ်တယ်။ သားအိမ်ခေါင်းဟာ ကလေးမွေးချိန်မှာ ကလေးထွက်လို့ရအောင် ပြန့်ကျယ်ပေးရပါတယ်။
ထိုသားအိမ်ခေါင်းဆဲပြောင်းလဲခြင်းဟာ ကင်ဆာမရောက်ခင် အခြေအနေတစ်ခုဖြစ်တယ်။ ထိုရောဂါမှာ ဆဲလ်တွေဟာ ကင်ဆာဆဲလ်တွေဘဝမရောက်သေးပေမယ့် ပြောင်းလဲနေတာကို စောစီးစွာမသိဘဲ၊ မကုသဘဲထားလိုက်ပါက ကင်ဆာအဖြစ်ပြောင်းသွားနိုင်ပါတယ်။ ထိုသားအိမ်ခေါင်းဆဲလ်ပြောင်းလဲခြင်းဟာ အသက် ၃၀ အောက်အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဖြစ်ပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ Human papillomavirus (HPV)လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးနဲ့ ဆက်နွယ်နေတတ်တယ်။
Johns Hopkins တက္ကသိုလ်ရဲ့ ကင်ဆာဌာနအရတော့ အမေရိကန်ပြည်ထောင်စုမှာတစ်နှစ်ကို ၂၅၀၀၀၀ နဲ့ ၁ မီလီယံကြား အမျိုးသမီးတွေမှာ ထိုရောဂါတွေ့နေရတယ်လို့ဆိုပါတယ်။ အသက် ၂၅ နဲ့ ၃၅ ကြားမှာပိုအဖြစ်များပါတယ်။
ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ် ရောဂါဖြစ်ခြင်းကိုအားပေးတဲ့အချက်တွေကို လျှော့ချခြင်းအားဖြင့် အခြေအနေကိုထိန်းချုပ်နိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်အလက်တွေအတွက်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။
ပုံမှန်တော့လက္ခဏာပြခဲပါတယ်။ ဒါကြောင့် စောစောစီးစီးရောဂါရှာဖွေမှုနဲ့ ကုသမှုအတွက်က ပုံမှန်သားအိမ်ခေါင်းအချွဲစစ်နေခြင်းဖြင့်သာ ရှာတွေ့နိုင်တယ်။
စောစီးစွာရောဂါရှာတွေ့ခြင်း၊ ကုသခြင်းတို့က ရောဂါပိုမဆိုးလာအောင်တားဆီးနိုင်ပါတယ်။ ဒါကြောင့်ထိုရောဂါကိုသိသိချင်းဆရာဝန်ကိုပြောပြပါ။
အထက်ပါလက္ခဏာများကြုံလာပါက သို့ သိလိုသည်များရှိပါက ဆရာဝန်ကိုမေးပါ။ လူတိုင်းခန္ဓါကိုယ်ကမတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ရောဂါခံစားနေရတဲ့ အမျိုးသမီးအများစုရဲ့ သားအိမ်ခေါင်းဆဲလ်ထဲမှာ HPV ဗိုင်းရပ်စ်ပိုးတွေတွေ့ရတတ်ပါတယ်။ HPV ရောဂါဟာ အမျိုးသားရော၊ အမျိုးသမီးမှာပါ တွေ့ရလေ့ရှိပေမယ့် ကာမကိစ္စဆက်နွယ်မှုများတဲ့ အသက် ၂၀ အောက် အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များလေ့ရှိပါတယ်။
များသောအားဖြင့်တော့ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကိုဖယ်ပစ်ကာ ရောဂါသက်သာနိုင်စေပေမယ့် တချို့သောအမျိုးသမီးတွေမှာတော့ ရောဂါမပျောက်ဘဲ ဆဲလ်များပုံမှန်မဟုတ်ပြောင်းလဲသည်ထိဖြစ်သွားနိုင်ပါတယ်။
HPV ဗိုင်းရပ်စ်ဟာ ပုံမှန်ကာမဆက်ဆံခြင်း သို့ ခံတွင်းဖြင့်ဆက်ဆံခြင်းတို့ဖြင့် လူတစ်ယောက်ဆီမှတစ်ယောက်သို့ကူးနိုင်ပါတယ်။ ရောဂါရှိသူနဲ့ ထိတွေ့ခြင်းကနေလည်းကူးနိုင်တယ်။ တစ်ကြိမ်ကူးစက်သွားပါက ခန္ဓါကိုယ်တစ်နေရာမှတစ်နေရာသို့ပျံ့နှံ့နိုင်တယ်။
HPV ရောဂါပိုးကူးစက်ခံထားရတဲ့အမျိုးသမီးတွေမှာ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် သားအိမ်ခေါင်းဆဲလ်ပြောင်းလဲသွားခြင်းရောဂါခံစားနိုင်ရချေ နှစ်ဆများပါတယ်။ ဆေးလိပ်ဟာကိုယ်ခံအားစနစ်ကိုအားနည်းစေတာကြောင့်ဖြစ်တယ်။
နာတာရှည် HPVရောဂါဖြစ်ခြင်း၊ သားအိမ်ခေါင်းဆဲလ်ပြောင်းလဲခြင်းတွေဟာ ကိုယ်ခံအားနည်းစေတဲ့ တခြားသောအချက်အလက်၊ အကြောင်းအရာတွေနဲ့လည်း ဆက်နွယ်နေတတ်တယ်။ ထိုအချက်တွေကတော့ ရောဂါတချို့ သို့ ကိုယ်တွင်းအင်္ဂါအစားထိုးခြင်းတို့မှာသောက်ရတဲ့ ကိုယ်ခံအားချသောဆေးများ၊ ဒါမှမဟုတ် HIV ပိုးဝင်သူ၊ AIDS ရောဂါရှိသူ စသည်တို့ဖြစ်တယ်။
ရောဂါဖြစ်ခြင်းကိုအားပေးသောအချက်များ
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်မှာထိုရောဂါရှိတယ်လို့ သံသယရှိနေပါက ဆရာဝန်က ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတချို့နဲ့ စစ်ဆေးမှုတချို့ပြုလုပ်ပါလိမ့်မယ်။ ရောဂါရှာဖွေသတ်မှတ်ဖို့ သားအိမ်ခေါင်းအချွဲစစ်ဆေးခြင်းပြုလုပ်ဖို့ လိုပါမယ်။ ထိုစစ်ဆေးမှုတစ်ခုထဲနဲ့ ရောဂါအခြေအနေအဆင့်ကိုပင် သတ်မှတ်နိုင်ပေမယ့် သင့်လျော်မယ့်ကုသမှုနဲ့ စောင့်ကြည့်ဖို့အတွက် တခြားသောစစ်ဆေးမှုတွေလည်းလိုပါသေးတယ်။
HPV DNA စစ်ဆေးခြင်း – သားအိမ်ခေါင်းကင်ဆာဖြစ်စေတယ်လို့သိထားသော HPV ဗိုင်းရပ်စ်ကိုရှာဖွေစစ်ဆေးခြင်းဖြစ်တယ်။
ရောဂါဆိုးရွားမှုပေါ်မူတည်ပြီး ကုသမှုကွဲပြားပါတယ်။ ရောဂါအဆင့်နုသေးပါက မကုသဘဲပျောက်နိုင်တာကြောင့် ချက်ခြင်းကုသမှုမခံယူလည်းရပါတယ်။ ဒါပေမယ့် ၃ လတစ်ခါ သို့ ၆ လတစ်ခါခန့် သားအိမ်ခေါင်းအချွဲစစ်ဆေးမှုပုံမှန်ပြုလပ်ရမှာဖြစ်တယ်။ တချို့ပြင်းထန်သောအခြေအနေများအတွက်တော့ –
ပုံမှန်သားအိမ်ခေါင်းချွဲစစ်ဆေးခြင်းဖြင့်ရောဂါရှာတွေ့နိုင်ပါတယ်။ ပုံမှန်အားဖြင့်ကုသပျောက်ကင်းနိုင်ပေမယ့် ပြန်ဖြစ်နိုင်တယ်။ ကုသမှုမရှိပါကရောဂါအခြေအနေပိုဆိုးလာကာ ကင်ဆာဖြစ်သွားနိုင်ပါတယ်။
သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ