brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရင်သားကင်ဆာခွဲစိတ်ပြီး လေ့ကျင့်ခန်းနှင့် အစာအာဟာရ

ရင်သားကင်ဆာခွဲစိပ်အပြီးတွင် ကျန်းမာရေးကို ဆက်လက် ပြီးသေချာစွာ ဂရုစိုက်နေထိုင်စားသောက်ဖို့ အရေးကြီးပါတယ်။ သည်ဆောင်းပါးက ပြန်လည်း ကျန်းမာဖို့ အထောက်အကူပြုမယ့် လေ့ကျင့်ခန်း အချို့နဲ့ သင့်တော်သော အစားအသောက်များကို ဖေါ်ပြသွားပါမယ်။

ရင်သားကင်ဆာခွဲစိတ်ပြီး လေ့ကျင့်ခန်းနှင့် အစာအာဟာရ

လေ့ကျင့်ခန်းများ

ရင်သားကင်ဆာခွဲစိပ်အပြီးတွင် လက်မောင်းနှင့် ပုခုံးတို့ ပုံမှန်လှုပ်ရှားမှု ပြန်လုပ်နိုင်စေရန် မှန်ကန်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းများက ခွဲစိပ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်တဲ့ ပုခုံးတစ်ဝိုက်တောင့်တင်း၍ လှုပ်ရှားရခက်ခြင်း ၊ အမာရွတ်ဖြစ်ခြင်းများကို သက်သာစေပါတယ်။ ဆရာဝန်များက သင်နှင့် သင့်တော်သော လေ့ကျင့်ခန်း အမျိုးအစားကို ရွေးချယ်ပေးနိုင်ပါတယ်။

-ခွဲပြီး ပထမနှစ်ပါတ်တွင် ပုခုံးအထက် လက်ကို မြှောက်ခြင်း ၊ သကြားတစ်အိတ်ထက်လေးသော အလေးချိန်ရှိ ပစ္စည်းများမခြင်း ကို ရှောင်ကြဉ်ပါ။ ခွဲထားသောဘက်မှ လက်မောင်းကို အသုံးပြု၍ တွန်းခြင်း၊ ဆွဲခြင်းများ မပြုလုပ်ပါနဲ့။

ခွဲစိပ်ပြီး ရင်သားကင်ဆာရောဂါသည်များပြုလုပ်ရန် ဆရာဝန်များခွင့်ပြုထားသော လေ့ကျင့်ခန်းအချို့ရှိပါတယ်။ အချို့က ပုခုံးတွန့်ခြင်း၊ ပုခုံးကို စက်ဝိုင်းပုံလှုပ်ရှားခြင်း၊ ပုခုံးကို မခြင်း၊ လက်မောင်းလွှဲခြင်း၊ ခန္ဓါကိုယ်ကို လှည့်ခြင်း တို့ပါဝင်ပါတယ်။ အသက်ပြင်းပြင်းရှူခြင်း၊ ခေါင်းဖီးခြင်း ၊ ရေချိုးခြင်း၊ အဝတ်လဲခြင်း ကဲ့သို့ ပုံမှန်လှုပ်ရှားမှုများ ကိုလည်းပြုလုပ်နိုင်ပါတယ်။

-နောက်ထပ် ၂ ပါတ်မှာ လေ့ကျင့်ခန်း အသစ် တစ်ခုကို အစပြုစဉ် လုပ်လက်စ လေ့ကျင့်ခန်းကိုလည်း ဆက်လုပ်သင့်ပါတယ်။ ထိုမှသာ လက်မောင်းရဲ့ လှုပ်ရှားနိုင်စွမ်း အပြည့်အ၀ ရပါမယ်။ အခြား လေ့ကျင့်ခန်းများမှာ လက်ကို ခေါင်းပေါ်မြောက်ခြင်း၊ ကွေးခြင်း၊ ရင်ဘတ်ကို ကျောဘက်သို့ လှန်ချခြင်း များ ဖြစ်ပါတယ်။

-ခြောက်ပါတ်မြောက်တွင် ပုံမှန် လှုပ်ရှားမှုများ လုပ်နိုင်ပါပြီ။ သို့သော် အလေးအပင်မဖို့ကတော့ ခက်ခဲနေပါတသးတယ်။ လိုအပ်ပါက အထူကုများရဲ့ အကြံပေးညွှန်ကြားချက်အတိုင်း နောက်ထပ်လေ့ကျင့်ခန်းများ လုပ်နိုင်ပါတယ်။ သည်နေရာမှာ ကြံ့ခိုင်မှု အဆင့်ကို တိုးတက်အောင်လုပ်ဖို့လိုပါတယ်။ လမ်းလျှောက်ခြင်းတွင် ပိုရှည်သောခရီးနှင့် ပိုမြန်သောနှုန်းတို့သို့ တိုးမြင့်သင့်ပါတယ်။

ပုခုံးက ပုံမှန်အတိုင်း လှုပ်ရှားနိုင်ပြီဖြစ်သော်လည်း အချို့လေ့ကျင့်ခန်းများကို ဆက်လုပ်သွားသင့်ပါတယ်။

အာဟာရ

အာဟာရကလည်း ရင်သားကင်ဆာရောဂါသည်များအတွက် ကောင်းမွန်ပါတယ်။ ခွဲစိပ်အပြီးတွင် သင့်တော်သော ကျန်းမာသော စားသောက်ပုံကို ထားရှိသင့်ပါတယ်။ ထိုအစားအသောက်တွင် အဆီနည်းခြင်းဖြင့် ကင်ဆာနှင့် နှလုံးရောဂါဖြစ်နိုင်ချေကို နည်းစေပါတယ်။

-ခွဲစိပ်အပြီးတွင် ခန္ဓါကိုယ်က ဆဲလ်များပြန်တည်ဆောက်ရန်နဲ့ ခွဲစိပ်အနာများ ကျက်ရန် အသားဓါတ်များပိုလိုအပ်ပါတယ်။ အစားအသောက်များတွင် အသားဓါတ်အမှုန့်များထည့်ခြင်း၊ အသားဓါတ်များသော သားရေစာသာစားခြင်းတို့ကို အထူးကုများက ထောက်ခံပါတယ်။

-အပင်များမှရသော ဖိုင်တိုဓါတ်များသည် ကင်ဆာပြန်ဖြစ်နိုင်ချေကို နည်းစေပြီး ကောင်းကျိုးများကို ဖြစ်စေသည်ဟု လေ့လာချက်များ ရှိပါတယ်။

-ပဲနို့သည် ဖိုင်တိုအီစထရိုဂျင် ဟော်မုန်း ပါဝင်သောကြောင့် ရင်သားကင်ဆာဖြစ်နိုင်ချေကို နည်းစေပါတယ်။ ဖိုင်တိုအီစထရိုဂျင် ဟော်မုန်း သည် ခန္ဓါကိုယ်ထဲရှိ အီစထရိုဂျင် ဟော်မုန်းနဲ့ ဆင်တူပါတယ် ။ ဆရာဝန်ရဲ့ အကြံပေးချက်ကို ရယူသင့်ပါတယ်။

-အသီးအရွက်အတော်များများ နှင့် ပဲများတွင် တွေ့ရသော ကင်ဆာကာကွယ်သော အင်တီအောက်စီးဒင့် ဓါတ်သည် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ကြွဲကောသီးတွင် ပန်းရောင်ဖြစ်စေသော၊ ခရမ်းချဉ်သီးတွင် အနီရောင်ဖြစ်စေသော လိုင်ကိုပင်း ဓါတ်သည် အင်တီအောက်စီးဒင့် တစ်မျိုးဖြစ်ပါတယ်။ ရင်သားကင်ဆာကို ကူညီ တိုက်ခိုက်ပေးပါတယ်။

-ဘီတာ ကရိုတင်းပါသော အစားအစာများ ဖြစ်တဲ့ မုန်လာဥနီ၊ သစ်ကြားသီး နှင့် ကန်စွန်းဥများ သည် ရင်သားကင်ဆာ ပြန်ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Nyan Linn မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/02/2022 ဖြစ်ပါသည်။