ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာ ဘာလဲ။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ သွေးကြောဖေါင်းပွမှုနဲ့ ဒီသွေးကြောတွေကို ရစ်ပတ်ထားတဲ့ အာရုံကြောမျှင်တွေကနေ ဓါတုပစ္စည်း ထုတ်လုပ်မှုတို့ကြောင့် ပေါင်းစပ်ဖြစ်ပေါ်ပါတယ်။ ခေါင်းကိုက်နေစဉ်မှာ သွေးကြောဟာ ကြီးမားလာပါတယ်။ ဒါဟာ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို ဖြစ်စေတဲ့ ဓါတု ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးပြီးတော့ သွေးကြော ကြီးလာခြင်းကို ထပ်မံဖြစ်စေပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ sympathetic အာရုံကြောစနစ်ကိုတုံ့ပြန်ခြင်းကိုဖြစ်စေကာ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်စေပါတယ်။ ဒီလိုတုန့်ပြန်မှုဟာ အစာအိမ်ကနေ အူသိမ်ထဲကို အစာစွန့်ထုတ်ခြင်းကို ကြာမြင့်စေပြီး သွေးလည်ပတ်မှုကို နှေးကွေးစေပါတယ်။ ဒါ့ပြင် အလင်းနဲ့ အသံတွေကို အာရုံခံမှုကိုလည်း မြင့်မားစေပါတယ်။
အမေရိကန် ၂၈ သန်းကျော်ဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားနေရပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ခေါင်းပိုကိုက်တတ်ကြပါတယ်။
အမေရိကန်နိုင်ငံက သုတေသီတွေက ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အာရုံစူးစိုက်မှု ပြဿနာတွေ၊ စိတ်ပူပန်ခြင်းတွေ၊ စိတ်ကျခြင်းတွေကို ခေါင်းမကိုက်တဲ့ကလေးတွေထက် ပိုမိုခံစားရနိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။
ဦးနှောက်အနာတွေနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆက်နွယ်မှု – ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ အမျိုးသမီးတွေဟာ white matter hyperintensities လို့ ခေါ်တဲ့ ဦးနှောက်အနာတစ်မျိုးကို အခြားအမျိုးသမီးတွေထက် ပိုမိုရရှိနိုင်ပါတယ်လို့ နယ်သာလန်က ဆေးဖက်ဆိုင်ရာ ဂျာနယ်တစ်ခု မှာ နိုဝင်ဘာ ၂၀၁၂ က ဖော်ပြခဲ့ပါတယ်။ သူတို့က ခေါင်းတစ်ခြမ်းကိုက်ရဲ့ ပြင်းထန်မှု၊ အကြိမ်ရေနဲ့ ဘယ်လောက်ကြာအောင်ကိုက်နေတာလဲ ဆိုတာတွေက အနာတွေရဲ့ တိုးတက်မှုနဲ့ မဆက်စပ်ဘူးလို့ဆိုပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဘယ်အရာတွေက ဖြစ်စေပါသလဲ။
အချို့လူတွေဟာ သူတို့ကို ခေါင်းကိုက်စေတဲ့အရာတွေကို သေချာစွာ ပြောပြနိုင်ပေမယ့် လူအတော်များများကတော့ မပြောပြနိုင်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အရာတွေကတော့
ဒီအရာတွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမြဲ မဖြစ်စေနိုင်သလို ဒီအရာတွေကို ရှောင်ကြဉ်ခြင်းကလဲ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမြဲမကာကွယ်နိုင်ပါဘူး။
ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။
ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ လက္ခဏာတွေဟာ ခေါင်းမကိုက်ခင် (သို့)ခေါင်းကိုက်နေစဉ်အတွင်း (သို့) ခေါင်းကိုက်ပြီးသောနောက်တွင် ဖြစ်ပေါ်တတ်ပါတယ်။ ခေါင်းကိုက်ခြင်းအမျိုးမျိုး ရှိတတ်ပေမယ့် အတွေ့များတဲ့ လက္ခဏာတွေကတော့
လူအတော်များများဟာ ခေါင်းတစ်ခြမ်း ကိုက်တော့မယ် ဆိုတာကို ခေါင်းမကိုက်ခင်မှာ ရောင်ဝါလက္ခဏာတွေကြောင့် သိတတ်ကြပေမယ့် လူအချို့ကတော့ မသိကြပါဘူး။ စိတ်ရှုပ်ထွေးဖွယ် အတွေးတွေ၊ အတွေ့အကြုံတွေ၊ ထူးဆန်းတဲ့အလင်းရောင်တွေ မသာယာတဲ့ အနဲ့တွေ ရတတ်ကြပါတယ်။
သုတေသီတွေက ဒီလိုတွေ မြင်ပြီး ခေါင်းကိုက်တတ်တဲ့ အမျိုးသမီးတွေမှာ နှလုံးရပ်မှုဖြစ်နိုင်ခြေပိုများပြီး ကိုယ်ဝန်တားဆေးအသစ်သုံးတဲ့ အမျိုးသမီးတွေမှာတော့ သွေးခဲဖြစ်နှုန်း ပိုမိုမြင့်မားတယ်လို့ ဖေါ်ပြခဲ့ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ အမျိုးသမီးတွေမှာ နာရီပေါင်းများစွာ မတိုင်ခင် (သို့) တစ်ရက်လောက်ကြိုပြီးတော့ သိနေလေ့ရှိပါတယ်။ ဒီလက္ခဏာတွေကတော့ အားအင်ပြင်းထန်ခြင်း၊ အချိုစားချင်ခြင်း၊ ရေဆာခြင်း၊ နုန်းခြင်း၊ စိတ်တိုခြင်းနဲ့ စိတ်ကျခြင်း တို့ပဲ ဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။